


Source – Shwe Eain Min
Credit– CeleZone

ပရိသတ်ကြီးရေ ကျော်ထက်အောင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်ထက်က ရွှေအိမ်မင်းနဲ့ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကိုတည်ထောင်ထားပြီး ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။

သမီးလေးမိုဂျီကလည်း ချစ်ဖို့ကောင်းလှပြီး စကားလည်းတတ်လွန်းလှတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေရတဲ့ကလေးလေးဖြစ်နေခဲ့ပါသေးတယ်။ မနေ့ကတော့ ရွှေအိမ်မင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးမိုဂျီရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ဗီဒီယိုလေးထဲမှာတော့ သမီးလေးမိုဂျီက ကျောင်းမှာသင်လာခဲ့တဲ့ စာတွေကို အိမ်မှာ ဖေဖေနဲ့မေမေကို ဆရာမပြန်လုပ်ကာ စာတွေသင်နေတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ မိုဂျီလေးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Shwe Eain Min
Credit– CeleZone