


Credit

မြတ်သူသူဆိုတာနဲ့ပရိသတ်တွေချစ်တဲ့အနုပညာရှင်တစ်ယောက်ပါ။ သူမကတော့MRTV-4ဇာတ်လမ်းတွဲလေးတွေကနေအောင်မြင်လာပြီးခုမှာတော့နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။သူမဟာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အပြင် ပျော်ရွှင်စရာအချစ်ရေးလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ သူမတို့အချစ်ရေးလေးကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး မြတ်သူသူကိုတော့ ပရိသတ်တွေက ဇာတ်လမ်းတွဲတွေနဲ့ ဗီဒီယိုတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။

ဇာတ်ရုပ်မျိုးစုံ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့် မြတ်သူသူဟာ သူမရဲ့အပြင်ပန်းလက်တွေ့ဘဝကိုတော့ ရိုးရိုးရှင်းရှင်းနဲ့ ဟန်ဆောင်မှုမရှိ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ မြတ်သူသူဟာ ပရိသတ်ကိုလေးစားပြီး သူမရဲ့ ဖြစ်တည်မှုနဲ့ပတ်သက်ပြီး အရိုးသားဆုံးသာနေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်ကိုပွင့်ပွင့်လင်းလင်းချပြထားတဲ့ မြတ်သူသူဟာ မကြာခင်အချိန်အတွင်းမှာလည်း လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မြတ်သူသူဟာ သူမရဲ့သတို့သားလောင်း မိသားစုဝင်တွေနဲ့ ညစားစားရင်း ဆွေပြမျိုးပြဆုံခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။မြတ်သူသူကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာခဲ့ပြီမို့ အိမ်ထောင်ပြုဖို့ကို ရည်ရွယ်နေပြီပဲဖြစ်ပါတယ်။ မြတ်သူသူတို့ချစ်သူနှစ်ယောက် သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit