Source – Thar Gan
Credit– CeleZone
ပရိသတ်ကြီးရေ သားဂန်းကတော့ သီချင်းဆိုပြိုင်ပွဲတွေကနေတစ်ဆင့် တက်လာခဲ့ပြီး လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသမီးချောလေး ဘေဘီမောင်နဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို ပိုငဆိုင်ထားပါတယ်။
သားဂန်းနဲ့ဘေဘီမောင်တို့ကိုကတော့ ပရိသတ်တွေက စုံတွဲဘဝကတည်းက ချစ်ခင်ကြရတဲ့အတွဲလေးတစ်တွဲအဖြစ်ရှိနေခဲ့ပြီး လက်ရှိသမီးလေးရှိလာချိန်မှာတော့ မိသားစုလိုက်ကို ချစ်ခင်နေကြပါသေးတယ်။ အမြဲလိုလို အေးအေးဆေးဆေးနေတတ်တဲ့သားဂန်ကတော့ မနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဇနီးဘေဘီနဲ့အတူရိုက်ကူးထားတဲ့ပုံလေးနဲ့အတူ
“စတွေ့ ခဲ့တုန်းကလဲ ဒီအချစ်ပဲ။ အခု သမီးလေးရောက်လာတော့လဲ ဒီအချစ်ပဲ။ နောက်ထပ်အချစ်တွေလဲဒီအချစ်တွေပါပဲ” ဆိုပြီး ချစ်စကားလေးဆိုထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ကိုလူအေးကြီးသားဂန်းရဲ့ ချစ်စကားလေးကြောင့် ဘေဘီတစ်ယောက်တော့ ကြည်နူးပီတိတွေဖြစ်နေမှာပဲနော်။
Source – Thar Gan
Credit– CeleZone